ပြည်တွင်းအခွန်များဦးစီးဌာ အောင်ဘာလေသိန်းဆုဌာနခွဲမှထုတ်ပြန်ထားသောစည်းကမ်းချက်များ
၁-ရရှိသည့် ဆုငွေအပေါ်ဝင်ငွေခွန်ပေးဆောင်ရန်မလိုပါ
၂-ဆုရလက်မှတ်တင်ပြနိုင်မှသာလျှင် ဆုငွေထုတ်ယူခွင့်ရှိသည်။
၃-တင်ပြတောင်းခံထားသော ဆုရလက်မှတ်၏ အက္ခရာနှင့်ဂဏန်းတို့ တစ်ဆက်တစ်စပ်တည်းမရှိ၊ပိုင်းပြတ်ဆုတ်စုတ်ပြဲနေသော ဆုရလက်မှတ်များ ဆုငွေထုတ်ပေးမည်မဟုတ်ပါ။ အက္ခရာနှင့်ဂဏန်းများတွင် ပြင်ရာ ၊ဖျက်ရာ (သို့မဟုတ်) မူလအနေအထား ချွတ်ယွင်းပျက်စီးမူ့တွေ့ရှိလျှင်ဖြစ်စေ၊ ဆုငွေထုတ်ပေးခြင်းကို အောင်ဘာလေသိန်းဆုဌာနခွဲမှ ငြင်းပယ်ခွင့်ရှိသည်။
၄-ထီလက်မှတ်ဝယ်ယူကြောင်း၊ပိုင်ဆိုင်ကြောင်း၊ပျောက်ဆုံးသွားကြောင်းတို့နှင့်စပ်လျဉ်းသောအချက်များ၊အငြင်းပွားခြင်းများ၊ကန့်ကွက်ခြင်းများ စသည်တို့ကို အောင်ဘာလေသိန်းဆုဌာနခွဲမှ လက်ခံစဉ်းစားပေးမည်မဟုတ်ဘဲ ထီလက်မှတ်မတင်ပြနိုင်ပါက ဆုငွေထုတ်ပေးမည်မဟုတ်ပါ။ဆုရလက်မှတ်တင်ပြသူကိုသာလျှင် ဆုငွေရထိုက်သည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ အသိအမှတ်ပြုမည်ဖြစ်ပါသည်။
၅-ဆုငွေများကို ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးနှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ(ရုံးခွဲ)တွင်သော်လည်းကောင်း၊သက်ဆိုင်ရာမြို့နယ်ဘဏ်များမှ တစ်ဆင့်သော်လည်းကောင်း ထုတ်ယူနိုင်ပါသည်။ ကျပ်(၁,၀၀၀,၀၀၀)နှင့်အောက် ထီဆုငွေများကို ရန်ကုန်တိုင်းဒေသကြီးပြင်ပရှိပြည်တွင်းအခွန်ဦးစီးဌာန၊မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင်လည်း ထုတ်ယူနိုင်ပါသည်။
၆-အောင်ဘာလေသိန်းဆုပေါက်စဉ် ကြေငြာသည့်ရက်မှ တစ်နှစ်အတွင်းတောင်းခံခြင်းမပြုသောဆုငွေများကို အခွန်ဘဏ္ဍအဖြစ် သိမ်းယူမည်ဖြစ်ပါသည်။
၇-ဆုရလက်မှတ်တင်ပြသူ(သို့မဟုတ်)ပိုင်ဆိုင်သူသည် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်ခြင်းနှင့်စပ်လျဉ်း၍ ပြစ်မူ့ဆိုင်ရာဥပဒေပါ ပြစ်မူ့တခုခုကို ကျူးလွန်သည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲညွှန်ကြားရေးမူးက ယုံကြည်ရန်အကြောင်းရှိလျှင် ဆုငွေထုတ်ပေးခြင်းကို ရပ်ဆိုင်းထားပိုင်ခွင့်ရှိသည်။
Goldious မှ အောင်ဘာလေ ထီလက်မှတ်များ ဝယ်ယူလျှင်လိုက်နာရမည့်စည်းကမ်းချက်များ
၁ Goldious သည် Digital နည်းဖြင့်အောင်ဘာလေထီများရောင်းချပါသည်။
၂ ငွေပေးချေပြီးလျှင် ဝယ်ယူသူ၏ဖုန်းနံပါတ်ထံသို့ အောင်ဘာလေထီလက်မှတ်အက္ခရာနှင့်ဂဏန်းများအား မက်စေ့စာတိုပို့ပေးမည်ဖြစ်ပါသည်။
၃ ငွေချေပြီးလျှင်ထီလက်မှတ်များကို Goldious မှသိမ်းဆည်းပေးထားပါသည်။
၄ ထီလက်မှတ်များကို ငွေပေးချေပြီးလျှင် ဝယ်ယူသူမှထီလက်မှတ်သိမ်းဆည်းလိုလျှင် ပို့ဆောင်ခကိုဝယ်ယူသူမှပေးချေရမည်။Goldious မှတဆင့်ပို့ဆောင်ပေးမည့်သူထံသို့သာတာဝန်ယူပြီး တဆင့်ပို့ဆောင်သူထံရောက်ရှိပြီးသော လက်မှတ်များကို Goldious မှလုံးဝ(လုံးဝ)တာဝန်မယူပါ။
၅ Goldious မှဝယ်ယူထားသော အောင်ဘာလေထီပေါက်ခဲ့ပါက ဝယ်ယူသူမှဝယ်ယူထားသော မက်ဆေ့စာတို မိမိ Goldious Profileအစစ်အမှန် နှင့် လိုအပ်သောအချက်အလက်များ ပြသပြီး ဆုမဲထုတ်ယူရမည်ဖြစ်သည်။အကယ်၍ အငြင်းပွားမူ့တစ်စုံတစ်ရာဖြစ်ခဲ့ပါက Goldious မှသတ်မှတ်ထားသော အချက်အလက်များပြည့်စုံမှသာ ဆုမဲများထုတ်ပေးမည်ဖြစ်ပါသည်။
၆ ဝယ်ယူချိန်တွင် မိမိ၏ဈေးခြင်းတောင်းထဲတွင်ရှိသော အောင်ဘာလေထီလက်မှတ်ကို အခြားသူမှငွေကြိုတင်ပေးချေလျှင် ငွေကြိုတင်ပေးချေသူသာ ဝယ်ယူသူအတည်ဖြစ်သည်။ထို့ကြောင့် ငွေရှင်းပြီး မက်ဆေ့စာတိုရောက်ရှိမှသာ ထီလက်မှတ်ဝယ်ယူခြင်းအတည်ဖြစ်သည်။
၇ ဆုသေးများပေါက်ခဲ့သည်ရှိသော် ဝယ်ယူထားသူ၏ ဘဏ်အကောင့်ထဲသို့လွှဲထည့်ပေးမည်။(လွှဲခကိုဝယ်ယူသူမှကျခံရမည်)
၈ ငွေပေးချေမူ့အား မိမိကြိုက်နှစ်သက်သလို အောက်ပါအတိုင်းပေးချေနိုင်သည်။ငွေပေးချေမူ့တိုင်းအတွက် ငွေပေးချေခကောက်ခံပါသည်။ငွေပေးချေမူ့တကြောင်းတိုင်းအတွက် ၂၀၀ကျပ် (သို့) ၂% ကောက်ခံပါသည်။ငွေပမာဏကြီးသော ပမာဏကိုကောက်ခံပါသည်။
MPU
VISA
MasterCard
JCB
KBZPay
KBZDirectBanking
WechatPay
OK$